နားနားနေနေရှိပါစေ ဆိုပေမယ့်
အားလွန်းရင်တော့ ပျက်စီးတတ်တယ်။
နားနေလွန်းရင် ဒုက္ခဖြစ်တတ်တယ်။
လူရဲ့ သဘောသဘာဝအရ...
အားရင်း အားရင်းနဲ့
တွန်းအား ကင်းမဲ့သွားပါတယ်။
အကျင့်ဆိုးတွေ စွဲကပ်လာတယ်။
ဖုန်းပွတ်တယ်။ ဂိမ်းပစ်တယ်။
facebook မှာ လျှောက်ဖွတယ်။
ဆိုင်တာမဆိုင်တာ ဝင်ဆဲလိုက်သေးတယ်။ အပျင်းထူလာတယ်။ စားချိန်သောက်ချိန်ပျက်လာတယ်။ တိုးတက်မှု မရှာဖွေချင်တော့ဘူး။ သာမန်နေထိုင်မှုဘဝကို ဖျက်ဆီးပစ်လိုက်တယ်။
ဇိမ်ကျကျနေထိုင်တယ်။ နားနားနေနေရှိတယ်။ အချိန်ပိုတွေ များတယ်။ လုပ်စရာမယ်မယ်ရရ မရှိဘူး၊ အမြဲတမ်း အားနေတတ်တယ်။ တောင်တွေးမြောက်တွေး တွေးတယ်။ တွေးရင်းတွေးရင်းနဲ့ စိတ်မချမ်းသာတော့ဘူး။ စိတ်လှုပ်ရှားပြီး ခံစားမှုတွေများလာတယ်။ မကျေမချမ်းတွေ ဖြစ်လာတယ်။
လူဆိုတာ... အားလွန်းနေရင် ပြဿနာမရှိရင် ပြဿနာရှာတယ်။ စကားပြောဖော် ရှာချင်လာတယ်။ တောင်ပြောမြောက်ပြော ပြောလာတယ်။ သူများအကြောင်း၊ ကိုယ့်အကြောင်း၊ ကောင်းတာတွေ၊ မကောင်းတာတွေကို ပြောရင်းပြောရင်းနဲ့ ခံစားမှုတွေ ဝင်လာတယ်။ အမြင်တွေ ပြောင်းလာတယ်။ သဘောထားသိမ်ငယ်လာတယ်။ အမြင်ကျဉ်းလာတယ်။ တဖြည်းဖြည်းချင်း လူတွေနဲ့ဝေးလာတယ်။
တိုးတက်ချင်စိတ် ပျောက်ဆုံးသွားတယ်။ စဉ်းစားဉာဏ်တွေ ထိုင်းမှိုင်းသွားတယ်။ ထိုးဖောက်ချင်စိတ် ကင်းဝေးသွားတယ်။ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို လုံးဝမရင်ဆိုင်ချင်တော့ဘူး။ တဖြည်းဖြည်းနဲ့ အပယ်ခံဘဝဖြစ်သွားတယ်။
ဒါကြောင့်မို့လို့…
လူရယ်လို့ ဖြစ်လာရင်၊ နားနားနေနေ သိပ်မနေရဘူး။ ပြင်ပလောကမှာ ဒုက္ခကြုံရင်ကြုံပါစေ၊ အိမ်တွင်းအောင်းပြီး ခံစားချက်များနေတာမျိုး မဖြစ်ပါစေနဲ့။ အပြင်မှာပင်ပန်းပြီး သေရင်သေပါစေ၊ အိမ်မှာ ပျင်းရိပြီးသေတာမျိုး မဖြစ်စေပါနဲ့။ ယောက်ျားဖြစ်ရင် ကိုယ့်တာဝန် ကိုယ်ယူရဲရမယ်။ မိန်းမဖြစ်ရင် ကိုယ့်ကိုယ်ကို အားကိုးနိုင်အောင် ကြိုးစားနိုင်ရမယ်။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ အားလွန်းတာမျိုး မဖြစ်သင့်ဘူး။
ဘဝကိုကြိုးစားရင်းနဲ့ပဲ ခရီးသွားချင်တယ်။ အကျိုးပြုတာ တစ်ခုခုလုပ်ပြီး အနှစ်သာရ ပြည့်ဝချင်တယ်။ အားလုံး အောင်မြင် ပျော်ရွှင်နိုင်ပါစေ။
Credit to original uploader.
No comments:
Post a Comment