Wednesday, April 4, 2018

သစ်ဆွေးမြေ (သို့)မြေဆွေးပြုလုပ်နည်း

"သစ်ဆွေးမြေ (သို့)မြေဆွေးပြုလုပ်နည်း "

  သစ်ဆွေးမြေပြု လုပ်ရာမှာ (1)အညိုပစ္စည်း(2)
အစိမ်းပစ္စည်း(3)နှိုးဆွပစ္စည်းတို့လိုအပ်ပါတယ်။
 (1)အညိုပစ္စည်းဆိုတာဟာကာဗွန်(C)ထောက်ပံ့ ပေးတဲ့ ပစ္စည်းဖြစ်ပြီးသစ်ဆွေးမြေဖြစ်ပေါ်မှုအ
တွက်အခြေံအကျဆုံးပစ္စည်းများဖြစ်ပါတယ်။
အညိုရောင် (သို့)ခြောက်သွေ့တဲ့ ပစ္စည်းဖြစ်ပါ
တယ်။ ကောက်ရိုး ပေါင်းမြက်ခြောက် သစ်ရွက်
ခြောက် ပြောင်းပင်ခြောက် နှမ်းရိုး စပါးခွံ လွှစာ ပဲမှော် စက္ကူ စ စသည်တို့ဖြစ်ပါတယ်။

 (2)အစိမ်းပစ္စည်း ဆိုတာ နိက်ထရိုဂျင်(N)
ထောက်ပံ့ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ အစိမ်း
ရောင်ရှိပြီး အရည်းရွှမ်းတဲ့ ပစ္စည်းတို့ဖြစ်ပါတယ်။
ပေါင်းမြက်အစို ဟင်းသီးဟင်းရွက်အစို ဗေဒါ 
စသည်တို့ဖြစ်ပါတယ်။ အစိမ်းပစ္စည်းလုံလုံ
လောက်လောက်မရနိင်ပါက ယူရီးယား (သို့)
ပုလဲကို ရေဖျော်ပြီး အစားထိုးသုံးပါ။

 (3)နှိုးဆွပစ္စည်း ဆိုတာ သစ်ဆွေးမြေဖြစ်ပေါ်ဖို့
အတွက်အဏုဇီဝပိုးများကိုအားပေးနှိုးဆွပေး
သော ပစ္စည်းများဖြစ်ပါတယ်။နွားချေး ကြက်ချေး
ဖွဲနု ပဲဖတ် နှမ်းဖတ် တို့ဖြစ်ပါတယ်။FAA EMတို့ကိုလ ဲလောင်းထည့်ပေးနိင်ပါတယ်။ပိုကောင်းပြီးဆွေးမြေ့မှုလဲပိုမြန်စေပါတယ်။

  မြေဆွေးပုံပြုလုပ်ရာမှာ အညို ပစ္စည်းနဲ့အစိမ်း
ပစ္စည်းအချို ု း(ကာဗွန် :နိက်ထရိုဂျင်)မှန်ကန်စွာ
ထည့်နိင်ရင်ပိုကောင်းပါတယ်။ (၃၀:၁)ဟာသင့်
တော်တဲ့အချိ ု းပါ။မိမိဘာသာသုံးဖို့အတွက်က
တော့ အလွယ်တကူရနိင်တဲ့ ပစ္စည်းနဲ့အဆင်ပြေ
အောင်အသုံးပြုပါ။အဓိက သတိထားရမှာက အ
စိုဓါတ်နဲ့အပူချိန်ပါ။မြေဆွေးပုံဟာ စိုစွတ်နေရ
မယ်။ဒါပေမဲ့ရေဝပ်တဲ့အဆင့်မဟုတ်ပါဘူး။မြေဆွေးပုံ ပြုလုပ်ရာမှာ သင့်တော်တဲ့အပူချိန်ဟာ
၅၀•C ဝန်းကျင်ဖြစ်ပါတယ်။အပူချိန်နိမ့်လွန်းရင်
အဏုဇီဝပိုးများ နိုးကြားမှုမရှိပါဘူး။အပူချိန်မြင့်
လွန်းရင်လဲအဏုဇီဝပိုးများသေးဆုံးနိင်ပါတယ်။

   '' ပြု လုပ်ပုံ ''

   သစ်ဆွေးမြေ(သို့)မြေဆွေးပုံကို အရိပ်ရသော သစ်ပင်ကြီးများအောက် ဝါးရုံအောက်အမိုးတခုခု
အောက်မှာပြု လုပ်ပါ။အနံ ၄ပေ အမြင့်၄ပေ 
အလျားကတော့မိမိအလိုရှိသလောက်ထားပါ။
   ပထမဆုံးအောက်ခြေမှာ အညို ပစ္စည်းများကို ၆လက်မထုခင်းပါ။အဲဒီအပေါ်မှာ နှိုးဆွ ပစ္စည်း
များကိုဖြူ းပေးပါ။ပြီးရင်ရေလောင်းပေးပါ။EM တို့FAAတို့သုံးမယ်ဆိုရင်တလက်စတည်းရေနဲ့
ရောလောင်းပါ။
   အဲဒီနောက်အစိမ်း ပစ္စည်းများကို ၆လက်မထု ထပ်ခင်းပါ။အဲဒီအပေါ်မှာ နှိုးဆွ ပစ္စည်း များဖြူ း
ပေးပါ။ပြီးရင်ရေလောင်းပါ။
  အထက်ပါပုံစံအတိုင်းအညိုပစ္စည်း နှိုးဆွပစ္စည်း အစိမ်းပစ္စည်း နှိုးဆွပစ္စည်း တစ်ထပ်ပြီးတစ်ထပ် ၄ပေ အမြင့်အထိခင်းပါ။အပေါ်ဆုံးမှာ ပလက်စ
တစ်စဖြင့်လုံအောင်ဖုံးပေးပါ။
  ၁၅ရက်ခန့်အကြာမှာ မြေဆွေးပုံကို အထက်
အောက်လှန်ပြီး သမအောင်မွှေပါ။ရေထပ်ဖြန်း
ပေးပါ။(မကြာမကြာမွှေပေးနိင်ရင် သစ်ဆွေးမြေ
ဖြစ်ပေါ်မှုပိုမြန်ပါတယ်)။(၁၅)ရက်တစ်ကြိမ်နှုန်း အထက်အောက်လှန်မွှေပေးပါ။
မြေဆွေးပုံထဲ လက်နဲ့နှိုက်ကြည့်လို့ အပူချိန်
လုံးဝကျသွားပြီ မြေသင်းနံ့ရလာပြီဆိုရင် အသုံးပြု လို့ရပြီဖြစ်တဲ့သစ်ဆွေးမြေ (သို့)မြေ
ဆွေးကိုရရှိပါပြီ။ 
    တချို့က တစ်လခွဲနဲ့ရရှိနိင်သလို တချိ ု့ကလဲ
ဲ ၃လ ၄လအထိ ကြာမြင့်တတ်ပါတယ်။မိမိသုံးတဲ့ပစ္စည်းအပေါ်မှာလည်းမူတည်ပါတယ်။
သုံးတဲ့ပစ္စည်းတွေကိုသေးငယ်တဲ့အစိတ်အပိုင်း
များဖြစ်အောင် လုပ်ပေးထားရင်ဆွေးမြေ့မှုပိုမြန်
စေပါတယ်။ မြေဆွေးပုံ တစ်ခုနဲ့တစ်ခုကလည်း အသုံးပြုတဲ့ပစ္စည်းအမျိ ုးအစားချင်း မတူညီရင် 
အရည်အသွေးချင်းလဲမတူနိင်ပါဘူး။

 ..စိုက်ပျို းရေးဖြင့်အသက်မွေးဝမ်းကြောင်း ပြုနေ
ကြတဲ့မိတ်ဆွေများအဆင်ပြေအောင်မြင်ပါစေ...
Nyaung kha shay

No comments: