"မြေဆွေးပြုလုပ်နည်း"
===============
သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရာတွင် စိုက်ပျိုး ထားသည့် အပင်များ ကောင်းစွာ ကြီးထွား သန်မာပြီး သီးနှံအထွက် တိုးတက်စေရန် အတွက် ဓာတ်မြေသြဇာ များနှင့်အတူ သဘာဝမြေသြဇာများ ဖြစ်သည့် နွားချေး၊ ကြက်ချေးစတဲ့ တိရိစ္ဆာန်အညစ်အကြေးများ၊ အပင်များ၏ ရိုးဖြတ်၊ ပဲမှော်၊ သစ်ရွက်များ စသည့် သီးနှံအကြွင်း အကျန်များကို ဆွေးစေရန်ပြုလုပ်ကာ မြေဆွေး အဖြစ် မြေတွင် ထည့်သွင်း ကျွေးမွေး ပေးကြပါတယ်။ မြေဆွေးများဟာ ကောင်းမွန်တဲ့အော်ဂဲနစ် မြေသြဇာများ ဖြစ်သကဲ့သို့ မြေရဲ့ ရုပ်ဂုဏ်သတ္တိကို ပြုပြင်ပေးရာမှာလည်း အထူး အသုံးဝင်တာကို စိုက်ပျိုးသူများ ကောင်းစွာသိရှိကြပါတယ်။
သီးနှံအကြွင်းအကျန်များကို မြေဆွေးပြုလုပ်ရာမှာ နွားချေး၊ ကြက်ချေး စသည်တို့ကိုပါ ထည့်ရောကာ ပြုလုပ်ကြပါတယ်။ သာမန်မြေဆွေးပြု လုပ်ရာတွင် ပုံမှန်အားဖြင့် လေးလမှ ငါးလခန့် ကြာတတ်ပါတယ်။ သာမန်မြေဆွေး ပြုလုပ်နည်းထက် ပိုမိုလျင်မြန်ပြီး ပိုမိုကောင်းမွန်တဲ့ မြေဆွေး ရရှိစေရန်အတွက် အကျိုးပြု အဏုဇီဝလို့ခေါ်တဲ့ အီးအမ် (Effective Microorganism) (EM) ကို အသုံးပြုပြီး သီးနှံအကြွင်း အကျန်များကို အမြန်ဆွေး စေရန် ပြုလုပ် အသုံးပြုကြတာ ကိုတော့ အများစုသော စိုက်ပျိုးသူများသိရှိပြုလုပ်တတ်ကြမယ်လို့ထင်ပါတယ်။ အီးအမ်ကိုသုံးပြီး ပြုလုပ် ရရှိလာတဲ့ မြေဆွေးကို ဘော်ကရှီ (Bokashi) လို့ ခေါ်ကြပါတယ်။ အီးအမ်နည်းပညာကတော့ ဂျပန်နိုင်ငံက စတင်ခဲ့တာ ဖြစ်ပါတယ်။
အီးအမ်ကို ကိုယ်တိုင် ပြုလုပ်နိုင်တာ မဟုတ်ဘဲ အီးအမ်အပြင်းကို ဝယ်ပြီး တင်လဲရည်၊ ဖွဲနု၊ရေ စသည်တို့နဲ့ ထပ်မံရော စပ်ပြီးမှ မြေဆွေး ပြုလုပ်မယ့် အပင်အကြွင်း အကျန်များပေါ် ပက်ဖျန်းပေးကာ မြေဆွေး ပြုလုပ်ကြရတာဖြစ်ပါတယ်။ အီးအမ်မရရှိ နိုင်ပါက အစားထိုးသုံးနိုင်ဖို့ အတွက် တိုင်းရင်းဖြစ် အဏုဇီဝကို ဝါးရုံပင်အောက်မှာ မွေးမြူရယူတဲ့နည်း တစ်နည်းလည်း အသုံးပြုခဲ့ကြပါတယ်။ ဒီလိုပြည်တွင်းမှာ ပြုလုပ် ပြီးရလာတဲ့ ပြည်တွင်းဖြစ်အဏုဇီဝကိုတော့ “ဒိုချာကင်”ဆိုပြီး ခေါ်ပါတယ်။ သူ့ကို အသုံးပြုကာ မြေဆွေးပြုလုပ်တဲ့နည်းကို လည်း မြန်မာနိုင်ငံမှာ အသုံးပြုခဲ့ကြပါ တယ်။ ယခုဖော်ပြမယ့် နည်းကတော့ ကိုးရီးယားနိုင်ငံမှတီထွင်ခဲ့တဲ့ မြေဆွေးပြုလုပ် နည်းဖြစ်ပြီး ရက်သတ္တ ၃ ပတ်နဲ့ အချိန်တို အတွင်း ဆွေးစေနိုင်တယ်လို့ဆိုပါတယ်။ မြေဆွေးပြုလုပ်ပုံပြုလုပ်နည်းကတော့ သာမန်မြေဆွေးပြုလုပ်နည်းအတိုင်းပဲ ဖြစ်ပါတယ်။
သို့သော် ဒီနည်းမှာ ပြုလုပ်မယ့် မြေဆွေး ပုံထဲကို ကိုယ်တိုင်မွေးမြူထားတဲ့ ပြည်တွင်းဖြစ် အဏုဇီ၀ (Indigenous Microorganism) (IMO)ကို ထည့်သွင်းပြုလုပ်တာ ဖြစ်ပါတယ်။ ဒီနည်းမှာ အဆင့်နှစ်ဆင့် ပါဝင်ပါတယ်။ ပထမအဆင့်အနေနဲ့ ထည့်သွင်းပေးမယ့်(IMO) မွေးမြူခြင်း ဖြစ်ပြီး၊ ဒုတိယ အဆင့်ကတော့ မြေဆွေးပုံ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ကိုယ်တိုင်ပြုလုပ် စမ်းသပ် အသုံးပြုကြည့်နိုင်ပါတယ်။
ပြည်တွင်းဖြစ် အဏုဇီဝ(IMO) မွေးမြူခြင်း
မြေဆွေးပြုလုပ်ရာတွင် အဆွေးမြန်စေရန် ထည့်သွင်းပေးရမယ့် IMO မွေးမြူပွားများ နည်းနဲ့ ထည့်သွင်း ပေးနိုင်ရန် အတွက် ပြင်ဆင်လုပ်ကိုင်ပေးရမှု လုပ်ငန်း များကို အဆင့်လေးဆင့် ခွဲခြားသတ်မှတ် ဆောင်ရွက်ကြရပါတယ်။ လိုအပ်တဲ့ပစ္စည်း များကတော့ ထမင်း၊ ပလပ်စတစ်ခွက်၊ သကြား၊ စက္ကူဖြူ၊ဖွဲနုနဲ့ရေတို့ဖြစ်ပါတယ်။
လုပ်ငန်းစဉ်(၁)IMO-1 အဆင့် မွေးမြူခြင်း။
ပလပ်စတစ်ခွက် တစ်ခုထဲသို့ ထမင်း အနည်းငယ် ထည့်ပြီး အသုံးမပြုရသေးတဲ့ စက္ကူအဖြူရောင်နဲ့ လုံခြုံစွာဖုံးအုပ်ပေးပါ။ (သတင်းစာ စက္ကူများနဲ့ အသုံးပြုပြီးသား စက္ကူများကိုမသုံးရပါ)၊
ထမင်းထည့်ထားတဲ့ ခွက်ကို ဝါးရုံပင်အောက်မှာ နှစ်ရက်ထား ပေးထားပါ။
ထမင်းပေါ်မှာ မှိုများ ပေါက်ပွား နေတာကို တွေ့လာရပါ့မယ်။ ဝါးရုံပင်အောက် ထမင်းခွက်ထားပေးခြင်းဖြင့် ပြည် တွင်းဖြစ် အဏုဇီဝ(၁)(IMO-1) ကို ကောင်းစွာ မွေးမြူပေးနိုင်မှာဖြစ်ပါတယ်။ (ဒိုချာကင်နည်းမှာလည်း ဝါးရုံပင်က မြေကို သုံးတာတွေ့ရပါတယ်။ ဝါးရုံပင်ရဲ့အကျိုး ပြုမှုများကို လေ့လာဖော်ထုတ်သင့်ပါတယ်)။
လုပ်ငန်းစဉ်(၂) IMO-2 အဆင့် ပြင်ဆင်ခြင်း။
ဒီအဆင့်မှာတော့ ရရှိလာတဲ့ IMO-1 ထဲကို အညိုရောင် သကြားကို ထုထည် ဆတူရောပေးရမှာ ဖြစ်ပါတယ်။ ရောထားပြီး ပလပ်စတစ်ခွက်ကို စက္ကူနဲ့ လုံစွာဖုံးအုပ်ပေးပြီး ၇ ရက်ထားပါ။ ၇ရက် ကြာလာသော် IMO-2 အဆင့် ရရှိပြီဖြစ်ပါတယ်။
လုပ်ငန်းစဉ်(၃) IMO-3 အဆင့် ပြင်ဆင်ခြင်း။
ဒီအဆင့်မှာတော့ ရလာတဲ့ IMO-2 ကို ရေနဲ့ရောပေးရန် ဖြစ်ပါတယ်။ IMO-2 ၁၀ ဂရမ်ကို ရေ တစ်လီတာရော ထည့်ပေးပြီး အညိုရောင် ရလာသည်ထိ ကောင်းစွာ ရောမွှေပေးပါ။
ထို့နောက် ၈ ကီလိုဂရမ် ချိန်ထား တဲ့ဖွဲနုထဲကို လောင်းထည့်ပေးပြီး ကောင်းစွာသမအောင် ရောမွှေပေးပြီးနောက် လုံခြုံစွာ ဖုံးအုပ်ပေးကာ ၅ ရက်ထားပေးထားပါ။
လုပ်ငန်းစဉ်(၄) IMO-4 အဆင့် ပြင်ဆင်ခြင်း။
ဒီအဆင့်မှာတော့ ပြင်ဆင်ထားတဲ့ IMO-3 ကို မြေကြီးနဲ့ ထုထည်ဆတူရော နယ်ပေးပြီးနောက် လုံခြုံစွာ ဖုံးအုပ်ပေးပြီး ၅ ရက်ထားပါ။ ဒီအဆင့်ကို IMO-4 အဆင့်လို့ ခေါ်ပါတယ်။ ဒီအရောထဲမှာ မှိုမျှင်များပါဝင် နေမှုကို မြင်တွေ့နေခြင်းဖြင့် IMO-4 အဆင့် အောင်မြင်မှုရှိ၊ မရှိကို သိနိုင်ပါတယ်။
မြေဆွေးပုံ ပြုလုပ်ခြင်း
မြက်၊ ကောက်ရိုး၊ ပြောင်းရိုး၊ သစ်ရွက်စတဲ့ စုဆောင်းရယူထားတဲ့ သစ်ပင်ထွက် စွန့်ပစ်ပစ္စည်းများ၊ မီးဖိုချောင်မှ စွန့်ပစ်လိုက်တဲ့ အသီးအနှံ အကြွင်း အကျန်များ စသည်တို့ကို သေးငယ်တဲ့ အစိတ်အပိုင်းလေးများ ဖြစ်နေစေရန် နုတ်နုတ်စင်း ပေးထားပါ။
အကယ်၍ ခြောက်နေပါက အစိုဓာတ်(ရေပါဝင်မှု)(၆၀ရာခိုင်နှုန်း)ခန့် ရှိနေစေရန် ရေလောင်းပေးထားပါ။
မြေဆွေးပြုလုပ်နည်းမှာ ပုံမှန်မြေဆွေးပုံပြုလုပ်နည်း ကဲ့သို့ပင် စွန့်ပစ်ပစ္စည်းများ တစ်ထပ် IMO-4 အဆင့် တစ်ထပ်စီ ထား၍ ပုံပေးပြီး ရက်သတ္တသုံးပတ် ထားပေးပါ။
မြေဆွေးပုံရဲ့ အမြင်ကို ၂ မှ ၂.၅ ပေထက်မထားသင့်ပါ။
ပုံထားတဲ့မြေဆွေးပုံတွင်းမှာရှိနေတဲ့ အပူချိန်ကို နေ့စဉ်စစ်ဆေးကြည့်ပါ။ အပုံတွင်း အပူချိန်ဟာ ၅၀° မှ ၆၀° C ရှိနေပါက အသင့် တော်ဆုံးဖြစ်ပါတယ်။
ရက်သတ္တ ၃ ပတ်ကြာလာတဲ့အခါ မြေဆွေးပုံရဲ့အရောင်ဟာ အညိုနုရောင်မှ အညိုရင့်ရောင်ပြောင်းလာ တာကို မြင်တွေ့ရပါက မြေဆွေးကောင်းစွာဖြစ်ပြီဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မြေဆွေးပုံထဲမှာ အဖြူရောင်အမှုန် များ မြင်တွေ့နေရပါက မြေဆွေးကောင်းစွာ ဖြစ်နေပြီဖြစ်ကြောင်း သိနိုင်ပါတယ်။
သာမန်ပြုလုပ် သုံးစွဲနေတဲ့ မြေဆွေး များ၊ အီးအမ်ကို အသုံးပြုထားတဲ့ ဘော်ကရှီ မြေဆွေး၊ ဒိုချာကင်သုံးပြီးပြုလုပ်ထားတဲ့ မြေဆွေး၊ ပြည်တွင်းမှာ ထုတ်လုပ် ရောင်းချနေကြတဲ့ အော်ဂဲနစ် မြေဆွေးမြေသြဇာများနဲ့အတူ ယခုတင်ပြတဲ့ ပြည်တွင်း အဏုဇီဝနဲ့ ပြုလုပ်ထားတဲ့ မြေဆွေးများဟာ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးမှာ အထူး အသုံးဝင်မှာဖြစ်ပါတယ်။ သို့သော် ယနေ့ထိ မည်သည့်နည်းနဲ့ ပြုလုပ်ရရှိထားတဲ့ မြေဆွေးများဟာ မည်သည့်သီးနှံကို ပိုမိုကောင်းမွန်စေပါတယ် ဆိုတဲ့ စမ်းသပ်ဖော်ထုတ်တွေ့ရှိထားတာမရှိသေးတဲ့ အတွက် စိုက်ပျိုးရေးပညာရှင်များ အကူအညီဖြင့် စတင်စမ်းသပ်ပေးသင့်ပါကြောင်း အကြံပြုလိုပါတယ်။
ဒီနည်းမှာ မြေဆွေးပြုလုပ်ရာမှာ ထည့်သုံးတဲ့ IMO -4 ကိုမြေသားနဲ့ရောနှောပြုလုပ်ထားတာ ဖြစ်လို့ နွားချေး၊ကြက်ချေး မရနိုင်တဲ့ဒေသများမှာ မြေဆွေးပြုလုပ်ရန်ပိုမိုအဆင်ပြေ လွယ်ကူစေမှာဖြစ်ပါတယ်။ ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်မားလာနေမှုနဲ့အတူ အော်ဂဲနစ် စိုက်ပျိုးနည်းစနစ်ကို ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ် စားသုံးလာကြစေရန် အားပေးနေတဲ့အချိန်မှာ သဘာ၀ မြေသြဇာများကို နည်းမျိုးစုံနဲ့ပြုလုပ် အသုံး ပြုလာနိုင်ကြစေရေး ဝိုင်းဝန်းအားပေးကူညီ ကြရန် ဖြစ်ပါတယ်။
Ref: agriculturesketch
စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ

No comments:
Post a Comment