Wednesday, April 4, 2018

ဇီဝမြေသြဇာ

ဇီဝမြေသြဇာ
အကျိုးပြု အဏုဇီဝသက်ရှိများကို အသုံးပြူ၍ အပ်ငအြွကင်းအကျမ်များ၊ စွန့်ပစ် ပစ္စည်းများနှင့် တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများကို လျှင်မြတ်စွာဆွေးမြေ့စေပြီး အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို ရရှိစေသည့် မြေသြဇာကို ဇီဝမြေသြဇာဟုခေါ်သည်။
၁။ ဇီဝစူပါအရွက်ဖြန်းမြေသြဇာအရည်
ပဲဖတ်၊ နှမ်းဖတ်ကို အပုပ်စိမ်း၍ အရည်စစ်ကာ အပင်အာဟာရဓာတ်စုံ ရောစပ်ထားသည့် မြေသြဇာ အရည်ဖြစ်သည်။ နိုက်ထရိုဂျင ၃၀%၊ ဗဖာ့စဖတ် ၄%၊ ပိုတက်ဓါတ် ၇% နှင့် မဂ္ဂနီစီယမ်း၊ ဆာလဖာနှင့် အနည်းလိုအဟာရဓါတ်များပါဝင်သည်။
အသုံးပြုပုံ
(၁) ဝ.၅ % ပြင်းအား (မြေသြဇာအရည် ၂၅ စီစီ (ဟဟင်းခတ်ဇွန်း ၂ ဇွန်းခွဲ) ကို ရေတစ်ဂါလန် နှုန်းနှင့်ရောဖျော်၍ အရွက်အပေါ်အောက်မျက်နှာ နှစ်ဖက်လုံး အပေါ်သို့ ဖျန်းပေရသည်။
(၂) ပဲမျိုးစုံသီးနှံတွင်ပုလဲ၊ တီစူပါ၊ ပိုတက်ဓါတ်မြေသြဇာများမသုံးဘဲ ဇီဝစူပါသက် သက်ပက်ဖျန်းပေးခြင်းဖြင့် အထွက်တိုးစေသည်။
(၃) အပင် ၂ ပတ်သားမှ ပန်းပွင့်ချိန်အတွင်း ၃-၅ ကြိမ်ပက်ဖျန်းပေးနိုင်ပါသည်။
(၄) နံနက်စောစော (သို့) ညနေပိုင်းတွင် ပက်ဖျန်းရသည်။
(၅) ဖျန်းပြီး ၃ နာရီအတွင်း မိုးရွာပါက ထပ်မံဖျန်းပေးရန်လိုပါသည်။
၂။ ဇီဝမြေသြဇာပြုလုပ်နည်းများ
(၂-၁) ဒေသခံအဏုဇီဝပိုးထုတ်ယူ၍ မြေဆွေးပြုလုပ်နည်း
ဒေသခံအဏုဇီဝပိုးကို သဘာဝသစ်တောအတွင်းရှိ သစ်ရွက်ခြောက်များမှ ဖွဲနုဖြင့် မွေးမြူရယူနိုင်သည်။ များသောအားဖြင့် ဒေသခံအဏုဇီဝပိုးကို မြေကြီး၏ ဖွဲ့စည်းပုံ ကောင်းမွန်းလာစေရန် နှင့်မြေဆွေး၊ သစ်ရွက်ဆေး၊ အမှိုက်ဆွေးပြုလုပ်၍ မြေဆီထက် သန်မှုကို အားပေးစေရန် ရည်ရွယ်၍ အသုံးပြုသည်။
စောက်အနက် ၁ လက်မရှိ သစ်သားဗူးငယ်ထဲသို့ ဆန်ပေါင်း (ထမင်း) ထည့်၍ စက္ကူစဖြင့် အုပ်ပြီး ကြိုးဖြင့်ချည်ကာ မိမိအနီးအနား သစ်တောရှိ သစ်ရွက်ပုံအောက်တွင် မြုပပ်ထားမည်။ မိုးရေမဝင်စေရန် ပလပ်စတစ်ဖြင့် အပေါ်မှ ဖုံးအုပပ်ထားရမည်။ ၅-၆ ရက်ကြာသော် ထမ်ငးမျကနှာပြင် တွင်စိုစွတ်၍ အဖြူရောင်အမြှေးများ ထွက်လာလျှင် ၎င်းဇီဝပိုးများ စုစည်းပြီးသားဖြစ်သည်။ ရရှိသော ဇီဝပိုများပါသောထမင်းကို အလေးချိန် ၁/၃ ပုံရှိသကြားကြမ်း (ထန်းလျက်ကြမ်း) ရောကာ စဉ့်အိုးအတွင်း သို့ထည့်မည်။
တစ်ပတ်ကြာသော် ထည့်ထားသောပစ္စည်းများ သိပ်သွားကာ အနုဇီဝပိုးများ မွေးမြူပြီးသား ဖြစ်မည်။ ရရှိလာသောအရည်ကို ဝ.၂% ပြင်းအား (ရေတစ်ဂါလန်လျှင် အရည်ဟင်ခတ် ဇွန် ၁ ဇွန်) ရအောင်ဖျော်ကာ ဖွဲနုနှင့်ထပ်ရောရမည်။ အစိုဓါတ် ၆၅% (အေရောကို လက်နှင့် ဆုပ်ကြည့်လျှင် လက်ကြားမှ ရေစိမ့်ထွက်သော အခြေအနေ) ရအောင်ရောရမည်။ ဖွဲနုနှင့်ရောပြီး ၂ ရက်အကြာတွင် အသုံးပြုနိုင်သည်။ ဒေသခံအနုဇီဝပိုး ပါသော ဖွဲနုတစ်ပိဿာ၊ တစ်ဝက်တစ်ပျက်ဆွေးပြီး တိရိစ္ဆာန်ချေး ၅၀ ပိဿာနှင် ဒေသ မြေကြီး ၁၀ ပိဿာရော၍ မြေဆွေးပြုလုပ်နိုင်သည်။ ပြုလုပ်ရာတွင် မိုးရေမဝင်စေရန် အပေါ် မှ ပလပ်စတစ်ဖြင့် အုပ်ထားရမည်။ ၃ ပတ်ကြာသော် ပုပ်သိုးဆွေးမြေ့သွား၍ စိုက်ပျိုးမြေများ တွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။
(၂-၂) အချဉ်ဖောက်ထားသောအရွက်အရည်ပြုလုပ်နည်း
အပင်၏အရွက်များနှင့် မြက်များမှ ပြုလုပ်နိုင်သည်။ ပါးလွှာသော အပင်များ၏ အဖူး၊ အသီးနု များမှလည်း ပြုလုပ်နိုင်ပါသည်။ သကြားကြမ်းဖြင့် အပင်မှ အရည်များထွက်ကာ အချဉ်ပေါက်စေခြင်းဖြစ်သည်။ ရရှိသောအပင်ကို မြေကြီး၊ အပင်အရွက်များနှင့် တိရိစ္ဆာန် နေရာထိုင်ခင်းများတွင် အနုဇီဝသက်ရှိများ၏ လုပ်ဆောင်မှုကို အားပေးသည်။ ဥပမာ – သခွားဖူးနှင့် အရွက်များမှ ထုတ်ယူသော အချဉ်ဖောက်ထားသော အရွက်အရည်ကို သခွားပင်တွင် ပြန်လည်းအသုံးပြုပါက အထိရောက်ဆု့းဖြစ်သည်။ ခူးယူသောအပင်များကို ဆေးကြောခြင်း၊ မရှိဘဲ အပင်အလေးချိန် ၏ထက်ဝက် (သို့) သုံးပုံတစ်ပုံရှိ သကြားကြမ်းနှင့် ရောကာ စဉ့်အိုး (သို့) ပလပ်စတစ်အိုးတွင် ဖိသိပ်၍ အပြည့်ထည့်သိပ်သည်။ ထို့နောက် အပင်အလေးချိန် ထက်ဝက်ခန့်ရှိသော ကျောက်တုံးဖြင့် တစ်ရက်ဖိသိပ်၍ လေများထွက် စေကာ ညစ်ညမ်းမှုကို သက်သာစေသည်။ နောက်တစ်ရက်တွင် ကျောက်တုံးကို ဖယ်လိုက် သော် အပင်များထည့် ထားသောပစ္စည်းသည် အိုး၏သုံးပုံနှစ်ပုံ ကျန်ရစ်မည်ဖြစ်သည်။ ထို့နောက် စက္ကူစဖု့းကာ ကြိုးဖြင့် လုံအောင်ချည်ကာ အေး၍မှောင်သောနေရာတွင် ၅-၁၀ က်ထားပါက အရည်စိမ့် ထွက်ကာ အချဉ်ဖောက်ခြင်းဖြစ်ပေါ်သည်။ အပင်အရောင်သည် အစိမ်းရောင်မှ အဝါရောင် (သို့) အညိုရောင်သို့ပြောင်းကာ အရက်အနံ့၊ အချိုအနံ့ထွက် လျှင် အပင်ဖတ်များ ဖယ်ကာကျန်ရှိသော၊ အချဉ်ဖောက်ထားသော အရွက်အရည်ကို အေး၍မှောင်သောနေရာတွင် ထားသိုကာ အသုံးပြုနိုင်သည်။
အချဉ်ဖောက်ထားသော အရွက်အရည်သည် မြေတွင်းအနုဇီဝသက်ရှိများ၏ လုပ်ဆောင်မှုက မြနဆန်စေသည်။ အပင်အား ဖျန်းပေးခြင်းဖြင့် အပင်ကိုတိုက်ရိုက် အကျိုးပြုစေသည်။ ထို့ပြင် တိရိစ္ဆာန်နေရာထိုင်ခှ်ုး ပြုလုပ်ရာတွင် တိရိစ္ဆာန်အညစ်အကြေးများ အစာများ ပုပ်သိုးဆွေးမြေ့မှုကို လျင်မြန်စေသည်။ တစ်ခါတစ်ရံတွင် အားနည်းနေသော တိရိစ္ဆာန်များ၏ အစာလမ်းကြောင်းရှိ အနုဇီဝသက်ရှိများ၏ လုပပ်ဆောင်မှုစါမ်းရည် တိုးတက်မြှင့်တင်စေလိုလျှင်လည်း တိုက်ကျွေးနိုင်သည်။ ပြုလုပ်ထားသော အရွက်အချဉ် ဖောက်ရည်ကို ပြင်းအား ဝ.၁% မှ ဝ.၂%ရအောင် ဖျော်၍အသုံးပြုနိုင်ပါသည်။
(၂-၃) အချဉ်ဖောက်ထားသောအသီးရည်
စတော်ဘယ်ရီ၊ သပွတ်သီး၊ ပိုးစားသီး၊ သရ့်နှင့် ငှက်ပျောသီးကဲ့သို့ချိုသော အသီး မှည့်များဖြင့် ပြုလုပ်နိုင်သည်။ သစ်သီးများတွင် ရေပါဝင်မှု ပမာဏများသောကြေင့် အသီး ပမာဏ၏ ထက်ဝက်ရှိသော သကြားကြမ်း (ထန်းလျက်ကြမ်း) နှင့်ရော၍ ပြုလုပ်သည်။ ပြုလုပ်ရာတွင် ကာဘိုဟိုက်ဒြိတ်ပါဝင်သော အာလူး၊ ကန်စွန်းဥ၊ ပီလောပီနံနှင့် မြောက်ဥ စသည့် ဥစားသီးနှံများကို ဖြည့်စွက်ပစ္စည်း အဖြစ်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ အချဉ် ဖောက်ထားသော အသီးအရည်ကို ပြင်းအား ဝ.၁% (အရည် ၁ ဆကို ရေ ၄.၅ ဆနှင့် ရောပါ) ဖျော်ရည်ကို လူသောက်သုံးနိုင်သည်။
(၂-၄) ငါးအမိုင်နိုအက်စစ်
ငါး၏စွန့်ပစ်ပစ္စည်းများဖြစ်သော အရိုး၊ ခေါင်း၊ အူနှင့်အကြေးခွံ (အရေခွံ) များမှ အလွယ်တကူ ပြုလုပ်နိုင်သည်။ သကြားကြမ်းဖြင့် ငါး၏စွန့်ပစ်ပစ္စည်းများမှ အရည်ထုတ်ကာ အချဉ်ပေါက်စေခြင်းဖြစ်သည်။ အရိုးနှင့် အရေခွံများတွင် ကပ်နေသော အသားများကိုလည်း ပျော်ဝင်သွားစေသည်။ ငါးစွန့်ပစ်ပစ္စည်းများကို ငါးရောင်းသည့်ဈေးမှ ဈေးနှုန်းချိုသာစွာ လွယ်လင့်တကူ ရရှိနိုင်ပါသည်။ ငါး၏ စွန့်ပစ်ပစ္စည်း (အညစ်အကြေး၊ ကလီစာ) များကို အလေးချိန်ဆတူ ရှိသောသကြားကြမ်းနှင့် ရောမွှေကာ စဉ့်အိုး (သို့) ပလပ်စတစ်အိုးတွင် ထည့်ကာ စက္ကူစဖြင့် ဖုံးအုပ်ပြီး ကြိုးစဖြင့်ချည်နှောင်ပါသည်။ ယင်းအိုးကို အေးမြ၍ အလင်းမဲ့သော အမှောင်တွင် နှစ်ရက်ခန့်ထား သို့သော် အရည်များစတင်ထွက်လာကာ အချဉ်ပေါက်ခြင်း ဖြစ်ပေါ်လာသည်။ ပထမအစပိုင်းတွင် အနံ့အသက် အနည်းငယ်ထွက် သော်လည်း အချဉ်ပေါက်ပြီး နောက်ပိုင်းတွင် အနံ့အသက်များ ပျောက်ကင်းသွားသည်။ ငါးခေါင်းနှင့် အရိုးများတွင် ကပ်နေသော အသားအနည်းငယ်မှာလည်း နှစ်ပတ်ခန့်အကြာ တွင် အရည်ထဲသို့ ပျော်ဝင်သွားပါသည်။ ဝ.၁% ပြင်းအားရှိသော ငါးစွန့်ပစ်ဖျော်ရည်ကို အရွက်မျာနှာပြင် များတွင် ပက်ဖျန်းခြင်း၊ မြေကြီးပေါ်တွင် တိုက်ရိုက်လောင်းခြင်း နှင့် သစ်ရွက်ဆွေး၊ တိရိစ္ဆာန်ချေးဆွေး ပြုလုပ်ရာတွင်လည်းကောင်း၊ အသုံးပြုနိုင်ပါသည်။ ငါးအမိုင်နိုအက်စစ်သည် အပင်အတွက် လိုအအပ်သောပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို အားပေးသောဓါတ်ကို အဓိက ပေးစွမ်းနိုင်ပါသည်။
(၂-၅) လက်တစ်အက်စစ်အရည်ကြည Lactic Acid bacteria Seruom (LAS)
Lactic Acid bacteria ကိုလေထဲတွင် စုဆောင်ယူနိုင်သည်။ စဉ့်အိုး (သို့) ပလပ်စတစ် အိုထဲသို့ ဆန်ဆေးရ့ည်ကို (၄-၆) လက်မအနက်ရအောင် လောင်ထည့်ပါ။ ထို့နောက် အိုးကို စက္ကူဖြင့်ဖုံးကာကြိုးဖြင့် ချည်နှောင်ပြီးအေး၍ မှောင်သောနေရာတွင် အပူချိန် ၂၀-၂၅ ဒီဂရီစင်တီဂရိတ် (အနည်းငယ်အေးမြသောအခြေအနေ) တွင် ၅-၆ ရက်ထားသော် Lactic Acid bacteria များစုစည်းလာမည်။ ဖွဲနုများသည် အရည်၏ များနှာပြင်ပေါ်သို့ တက်လာမည်။ ထိုအချိန်တွင် ချဉ်သောအနံ့ထွက်မည်။ နွားနို့ကို အခြားအိုးတစ်လုံးတွင် လောင်းထည့်ကာ ရရှိပြီးသား ဆန်ဆေးရည်အချဉ်ရည်ကို နွားနို့အိုးထဲ သို့ လောင်းထည့်ရမည်။ နွားနို့ ၁၀ ဆ၊ ဆန်ဆေးချဉ်ရည် ၁ ဆ နှုန်းဖြင့် ရောရမည် ၅-၆ ရက်ကြာသော ကာဘိုဟိုက်ဒရိတ်ပရိုတင်းနှင့် အဆီတို့သည် အပေါ်မျာနှာပြင်သို့တက်လာ ကာအောက်တွင် အဝါရောင် အရည်ကြည်များ ဖြစ်ပေါ်လာသည်။ ထိုအဝါရောင် အရည် ကြည်တွင် Lactic Acid bacteria အများအပြားပါဝင်သည်။ ထိုအရည်ကြည်ကို ရေခဲသေတ္တာတွင်ထားနိုင်သည်။ သကြားကြမ်း (ထန်းလျက်ကြမ်း) ပမာဏတူ ထပ်ရောကာ ပုံမှန်အပူချိန်တွင်လည်း ထားသိုနိုင်သည်။
LAS ကို အပင်အရွကက်မျာနှာပြင်ရှိ အဏုဇီဝများ (phyllosphere microbe) များကို ခွန်အားပြည့်ဖြိုးစေရန် အသုံးပြုနိုင်သည်။ ထို့ပြင် တိရိစ္ဆာန်မျာအား ၃% ပြင်းအား (ရေ ၁ လီတာလျှင် ဟင်းခတဇွန်း ၁ ဇွန်နှုန်း) ဖျော်ရည်တိုက်ကျွေးနိုင်သည်။ မြေဆွေးပြုလုပ်ရာ တွင်လည်း အသုံးပြုနိုင်သည်။
(၂-၆) ဒိုချပ်ကင်နည်း (Dochakin) ကို အသုံးပြု၍မြေတွင်းရှိ အဏုဇီဝများထုတ်လုပ်နည်း
 သဘာဝ သစ်တောဝါးရိပ်အောက်ရှိ (၃_၃) ပေဧရိယာရှိ အပေါ်ယံမြေဆီလွှာကို စုဆောင်းပါ။
 ဖွဲနုနှင့်ရောပါ။ (မြေကြီး၏ထက်ဝက်အချိုး ဥပမာ – မြေ ၂ ဆ း ဖွဲနု ၁ ဆ)
 ၄င်အပေါ်သို့ သကာရည်/သကြားအကြမ်းဖျော်ရည်နှင့် ရေတို့ကိုရော၍ အစိုဓါတ် ၆၀% (လက်နှင့်ဆုပ်ကြည့်လျှင် လက်ကြားမှ ရေစိမ့်ကျသော အခြေအနေ) ရရန်သမအောင်မွှေပါ။
 အစိုဓါတ် ၆၀% သည် အဏုဇီဝများ ပေါက်ဖွားရန် ကောင်းမွန်ပြီး၊ အစိုဓာတ် များလွန်း ပါကလည်း ပြဿာနာဖြစ်နိုင်ကာ ရေနည်းပါကလည်း အဏုဇီဝများ ပေါက်ဖွာရန် အခြေအနေမပေးပေ။
 ၎င်းတို့ကို မိုးရေနှင့်ရေငွေ့ပျံမှုတို့မှ ကာကွယ်ရန် ပလပ်စတစ်နှင့်အုပ်ပါ။
 ၃ ရက်စောင့်ပါ။ တတိယနေ့တွင် အဖြူရောင်ရှိ ချဉ်၊ စူး၊ ချို၊ အီသည့်အနံ့ကို ထုတ်လုပ်သည် အဏုဇီဝများ ပေါက်ဖွာလာသည်။
(၂-၇) ဒိုချပ်ကင်မြေသြဇာပြုလုပ်ခြင်း
 စပါးခွံများကို ၆ လက်မ အမြင့်မြေပေါ်တွင် စက်ဝိုင်းပုံပုံရန် (အချင်း ၈ မှ ၁၀ ပေခန့်) ထို့နောက် နွားချေးကို ယင်းအပေါ်သို့ ၆ လက်မ အမြင့်မြေပေါ်တွင် စက်ဝိုင်ပုံပုံရန် ( အချင်း ၈ မှ ၁၀ ပေခန့်) ထို့နောက်နွားချေးကို ယင်းအပေါ်သို့ ၆ လက်မ အမြင့်ရရှိရန် ပုံပေးရန်။
 စပါးခွံနှင့် နွားချေးများခြောက်နေလျှင် ရေဖျန်းပေးရန်။
 ဒိုချာကင် (အဖြူရောင်အဏုဇီဝများ) ကို နွားချေးပေါ်တွင် ပါးပါးဖြူးပေးရန်။
 ဒိုချာကင်ကို ၆ လက်မအထူးရအောင် ကောက်ရိုးဖြင့် ထပ်မံဖုံးပေးရန် နှင့်ရေဖျန်း ပေးရန် (အစိုဓါတ် ၆၀% ခန့်ရှိရန်)
 နောက်ဆုံးအဆင့် ၃ ဆင့်ကို ၄-၅ ကြိမ်ထပ်မံပြုလုပ်ရန်။
 ထို့နောက် အပေါ်ဆုံးကို စပါးခွံနှင့်ဖုံး၍ ရေဖြန်းရန်။
 နောက်ဆုံး ယင်းမြေသြဇာ အပုံကိုခြောက်သွေ့မှုမှ ကာကွယ်ရန်၊ ပလပ်စတစ် (သို့) ငှက်ပျောရွက်များဖြင့် ဖုံးအုပ်ရန်။
 ၃-၄ ပတ်ကြာသည့်အခါ သစ်ဆွေးမြေသြေဇာများကို လှန်ပေးရန်နှင့် ၎င်းကို တြာခးတစ်နေရာတွင် ပုံပြီး ရေဖျန်းပေရန်။
 ၆-၈ ပတ်ခန့်ကြာသည့်အခါ သစ်ဆေးမြေသြဇာသည် ကွင်းထဲသို့ထည့်ရန် လုံး လောက်သော ဆွေးမြေ့မှုရရှိပြီး ဖြစ်ပါသည်။
(၂-၈) ဒေသခံအဏုဇီဝမျို့စေ့ထုတ်လုပ်ခြင်း (ဒေသခံအဏုဇီဝပိုးနှင့် မြေဆွေးပြုလုပ်ခြင်း)
ဒေသခံအဏုဇီဝများကို ၎င်းတို့ကြိုက်နှစ်သက်သော ပတ်ဝန်းကျင် အစာအဟာရများ ဖန်တီးပေးပြီး၊ ဘိုးကာရှီမြေဆွေးပုံပြုလုပ်ရန် မျိုးပွားထုတ်လုပ်ခြင်းဖြစ်သည်။ မိမိတို့၏ အရပ် ဒေသရှိ အဏုဇီဝသက်ရှိမျျား မှို (Mold) တဆေး (Yeast)၊ ဘက်တီးရီးယား (Bacteria) စသည်တို့ကို မွေးမြူ၍ ဘိုကာရှီ မျိုးစေ့အဖြစ်အသုံးပြုခြင်းဖြစ်သည်။ မိမိအရပ်ဒေသ၊ မိမိပတ်ဝန်းကျင်း မြေကြီးထဲနှင့် အပင်အောက်တွင်ရှိသည့် အဏုဇီဝသက်ရှိများကို သာမန် မျက်စိနှင့် မမြင်နိုင်သော်လည်း အစုအဝေးအဖြစ်များလာသောအခါ အဖြူရောင်မှိုမျှင်များ အဖြစ်မြင်နိုင်သည်။
IMO မျိုးစေ့ထုတ်ယူရာတွင် တစ်နေရာထဲမှ မယူဘဲ နေရာများစွာမှယူလျှင် ပို၍ကောင်ပါသည်။ IMO မျိုးစေ့ထုတ်ယူရန် မြေနမူနာယူဆောင်လျှင်ရမည့် (၁၀) နေရာမှ အနည်းဆုံး (၆) နေရာလောက်မှ မြေနမူနာယူးရပါမည်။ OSICA သင်တန်းကျောင်းတွင် အသုံးပြုသည့် မြေနမူနာ ယူသည့်နည်းမှာ –
(၁) စီးဆင်းနေသောရေမြောင်းထဲမှမြေကြီး IMO-1
(၂) ဝါးပင်အမြစ်ပတ်ဝန်းကျင်မှမြေကြီး IMO-2
(၃) ယာမြေမှမြေကြီး IMO-3
(၄) လယ်မြေမှမြေကြီး IMO-4
(၅) သစ်တောမြေ၊ အပင်ကြီးများအောက်မှမြေ IMO-5
(၆) ယာစည်းရိုးမှာစိုက်သည့်တစောင်းပင် IMO-6
(၇) သစ်ရွက်ခြောက်များတွင် ထမင်းဆုပ်ထည့်ပြီး မွေးမြူခြင်း IMO-7
(၈) ကောက်ရိုးခြောက်များတွင် ထမင်းဆုပ်ထည့်ပြီးမွေးမြူခြင်း IMO-8
(၉) သစ်သီးခွံ၊ (သင်္ဘော၊ သရက်၊ ငှက်ပျော) များမှမွေးမြူခြင်း IMO-9
(၁၀) ဆန်ဆေးရည်မှ မွေးမြူထားသောအဏုဇီဝပိုး IMO-10
 ယင်းနေရာတစ်ခုစီမျ မြေကြီး ၂ ပိဿာကို ဖွဲနု ၁ ပိဿာဖြင့် ရော၍ မြေနှင့် ဖွဲနုအချိုး (၂း၁) ဖြင့်ရော၍ အဖုံးပါသောပုံတွင်ထည့်ပြီး အရိပ်ထဲတွင် ထား၍ ပွားရန်။
 ထန်းလျက် ၁ ပိဿာကို ရေ ၁ လီတာဖြင့် ရောကြိုသည့် ထန်းလျက်ရည်ဖြင့် ရောနယ်ပါ။
 အစိုဓါတ် ၄၀၅ ရရန် ရေလိုပါက ထပ်ထည့်ပါ။ (လက်နှင့်ဆုပ်ကြည့်လျှင် မကွဲနိုင်သော အနေအထားဖြစ်ရမည်)
 ၃ ရက်ခန့်ကြာသောအခါ အပူချိန် ၄ဝံC ထိရှိလျှင် မျိုးစေ့အဖြစ်သုံးနိုင်ပြီး ယင်းကိုလွှစာ (၁ ပိဿာ ၈၀ ကျပ်သား)၊ ဖွဲနု (၁ ပိဿာ ၈၀ ကျပ်သား)၊ နှစ်ဖတ် (၁ ပိဿာ ၂၀ ကျပ်သား) နှင့် နေရာ (၁၀) နေရာမှ ယူထားသည့် ဘိုကာရှိမျိုးစေ့များကို ရောမွှေပြန်နှပ်ထားရမည်။ အပူချိန်ကျသွားလျှင် အရိပ်ထဲတွင် လေသလပ်ခံ၍ အခြေက်လှမ်းပြီး သိမ်းဆည်းသိုလှောင်နိုင်ပါသည်။ ယင်းကို ဘိုကာရှိမျိုးစေ့အဖြစ် ၆ လခန့် တာရှည်သိုလှောင် အထားခံသုံးစွဲ နိုင်ပါသည်။
သတိပြုရန်မှာ – လွှစာ၊ ဖွဲနု၊ နှမ်းဖတ်တို့ကို ရော၍ ရေ ၁၀ဝံC တွင်ပေါင်းခံ၍ ပြန်လည် လေသလပ်ခံပြီး အအေးခံပြီးမှ ဘိုကာရှီမျိုးစေ့နှင့် ရောနယ်၍ အသုံးပြုပါ။
IMO မျိုးစေ့ကိုသုံး၍ ဘိုကာရှီမြေသြဇာပြုလုပ်ရန်လိုအပ်သောပစ္စည်းများ (တစ်ဧကအတွက်)
(၂-၉) ဘိုကာရှီမြေသြဇာပြုလုပ်နည်း
ဦးစွာနွားချေးကို (၄-၅) လက်မအထူဖြန့်ဖြူးပေးပါ။ ၎င်းအပေါ်မှ ဖွဲနုကို ညီညာအောင်ထပ်မံဖြူးပေးပါ။ ဘိုကာရှီမျိုးစေ့နှင့် ဖွဲနုအနည်းှုယ်ကို သမအောင်မွှေပြီး ဖွဲနုပေါ်တွင် နေရာအနှံ့ ရောက်အောင်ဖြူးပေးပါသည်။ ပြီးလျှင် နှစ်ဖတ်၊ ပြား၊ နုန်းမြေကို အဆင့်ဆင့် ဖြူးပေးပါ။ ကုန်ကြမ်းအားလုံးကို နှံ့စပ်အောင်မွှေပါ။ ကုန်ကြမ်းများကို ရေဖျန်း ရာတွင် ရေဖျန်းခရားဖြင့် နှံ့စပ်အောင် ပတ်ဖျန်းပြီး ထပ်မံ၍မွှေပေးပါ။ ပြီးလျှင်လက်ဖြင့် တုပ်ကြည် သောအခါ မလုံတလုံ အနေအထားရှိပါက ၎င်းကို အမြင့် ၆ လက်မအထိ ညီညာစွာဖြန့်၍ လေလုံးအောင် ကောက်ရိုး (သို့) မြက် ခြောက်ဖြင့်အုပ်ပေးပါ။
ပြုလုပ်ပြီး (၅) ရက်မြောက်နေ့အထိ နေ့စဉ်တစ်ကြိမ် အထက်အောက် လှန်ပေးပါ။ အပူချိန် ၅၀-၅၅ ဒီဂရီ (လက်နှင့်စမ်း၍ ခံနိုင်ရည်မရှိတရှိအခြေအန) ရှိမှမွှေပါ။ စတင်ပြုလုပ်ပြီး (၁၀) ရက်အကြာတွင် သုံးစွဲလိုက သုံးစွဲနိုင်သည်။
မသုံးစွဲခင်နေရောင်းခြည်းနှင့် ကြာရှည်မထိတွေစေရန် သတိပြုပါ။ ကြာရှည်စွာ သိုလှောင်လိုပါက လေသလပ်အခြောက်ခံ၍ အိတ်တွင်ထည့်၍ဖြစ်စေ၊ မိုးလုံလေလုံးတွင် ထား၍ဖြစ်စေအသုံး ပြုနိုင်သည်။
ဘိုကာရှီမြေဆွေးနှင့်အတူ တိရိစ္ဆာန် အညစ်အကြေးများဖြစ်သော ကြက်ချေး၊ ဝက်ချေး၊ နွားချေးများကိုရော၍ အသုံးပြုပါက် အကျိုးပြုဘက်တီးရီးယားကို ပိုမိုပွားများလာ စေပြီး မြေဆီလွှာ၏ အရည်အသွေးကို ပိုမိုတိုးတက်လာစေပါသည်။
OISCA ဘိုကာရှီမြေသြဇာတွင်ပါဝင်သောအာဟာရဓါတ်များ
pH – ၈.၃
N – ၃.၇၂%
P – ဝ.၆၅၂၉%
K – ဝ.၅၆၃၂%
O.M – ၄၀.၁၃%
(၂-၁၀) အီအမ်ဘိုကာရှီ မြေဆွေးပြုလုပ်နည်း
ပထမဦးစွာ အသင့်သုံးအိမ်းဖျော်ရည်ကို ဖျော်စပ်ရပါသည်။ ရက်ကြာလျှင် အာနိသင် မပြတော့သဖြင့် အသုံးပြုကာ နီးမှသာ အသင့်သုံးအီးအမ်ကို ဖျော်စပ်ရပါမည်။
 ပါဝင်သောပစ္စည်းများကို အထက်ပါအချိုးအတိုင်း ရောစပ်ပြီး သမအောင်လှုပ်ပါ။
 ပြီးလျှင် လေလုံအောင်ပိတ်ပါ။ နေ့စဉ်နံနက်တိုင်း အဖုံးဖွင့်ပြီး ဓါတ်ငွေ့များကို ဖယ်ထုတ်ပါ။
 ရောစပ်ပြီး ၃ ရက်ခန့အကြာ မူလအမည်းရောင်မှ အဝါရောင်သို့ ပြောင်းလာ၏။ ထိုအခါ စတင်အသုံးပြုနိုင်ပြီး ဖြစ်သည်။
 ဖျော်စပ်ပြီး ၇ ရက်မှ ၁၀ ရက်အတွင် အကုန်သုံးပစ်ရမည်။ ရက်ကျော်ပါက် အဝါရောင်မှ အမဲရောင်ပြောင်းပြီး အနံ့လည်းမကောင်းတော့ပေ။ ထိုအခြေအနေ ရောက်ပါက အာနိသင်ပြယ်ပြီးဟု မှတ်ပါ။
(၂-၁၂) အီအမ်ဘိုကာရှီပြုလုပ်ပုံအဆင့်ဆင့်
(၁) အရိပ်ကောင်းသော နေရာကိုရွေးပါ။
(၂) သီနှံစွန့်ပစ်ပစ္စည်း (သို့) မြက်ခြောက်နှင့် နွားချေးတို့ကို စုဆောင်းပါ။
(၃) စည်းပိုင်းပြတ်ထဲသို့ ရေဂါလံ ၂၀ ထည့်ပါ။ ထိုအထဲသို့ အသင့်သုံးအီးအမ်ဖျော်ရည် နို့ဆီ ၃ ခွက်နှင့် တင်လဲရည် ၃ ခွက် ရောစပ်ပြီး သမအောင်တုတ်ဖြင့် မွှေပေးပါ။ (နို့ဆီ ၃ ခွက် = ၁ လီတာ)
(၄) သစ်သာငုတ်များသုံး၍ မြေဆွေးပုံနေရာကို သတ်မှတ်ပါ။ မြေဆွေးပုံအကြီး အသေးသည် အသုံးပြုမည့်သီးနှံ (သို့) မြက်ခြောက်ပမာဏပေါ် မူတည်ပါသည်။ သို့သော် ဘိုကာရှီ တစ်ပုံသည်အလျား ၆ ပေ၊ အ့န ၄ ပေ၊ အမြင် ၃ ပေထက် မပိုသင့်ပါ။
(၅) လျားထားသတ်မှတ်ထားသောနေရာတွင် စွန့်ပစ်ပစ္စည်းများကို ပထမအလွှာအဖြစ် ဖြန့်ခင်းပြီး သိပ်သည်းတင်းကြပ်နေစေရန် ခြေဖြင့်ဖိနင်း၍ ၆ လက်မထုရသည် အထိ ပြုလုပ်ပါ။
(၆) ထိုအလွှာပေါ်သို့ အီးအမ်း ၃ ဂါလံပက်ဖြန်းပေးပါ။
(၇) နွားချေး ၈ ပြည်ထပ်၍ဖြူးပါ။
(၈) မြေဆွေးပုံအမြင့် ၃ ပေရောက်သည့်အထိ အဆင့် (၅)၊ (၆)၊ (၇) တွင်ဖော်ပြ ထားသည့် အတိုင်းတစ်လွှာပြီးတစ်လွှာ ဆင့်တင်သွားပါ။
(၉) မြေဆွေးပုံပူနွေးစေရန်နှင့် လေတိုက်၍ ခြောက်သွေ့မှုမဖြစ်စေရန် အပေါ်မှ ပလပ်စတစ်ဖုံး ထားပေးရသည်။
(၁၀) ၇-၁၀ ရက်ခန့်အကြာ အစိုဓါတ်အနည်းငယ်များကို စိစစ်ပါ။ ခြောက်သွေ့နေက ရေဖျန်းပေးပါ။
(၁၁) ၁-၂ ပတ်ခန့်အကြာ (တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့်တိုင်) စတင်သုံးစွဲနိုင်ပါ သည်။ ဘိုကာရှီကို နောက်ဆံးထွန်းရေးနှင့်အတူ ကြဲပက်ကျွေးရသည်။ တစ်ဧက အတွက် ဘိုကာရှီ (၂-၅) တန် (၈ မှ ၂၀ပုံ) လိုအပ်သည်။ နှစ်ရှည်ပင်များ၊ ဟင်သီးဟင်းရွက်နှင့် ပန်းပင်များအတွက် ဘိုကာရှီကိ အစိုဓါတ် အလုံအလောက်ရှိ စဉ်အပင်ခြေ၌ ထည့်သွင်းပေးရသည်။
(၂-၁၃) စူပါအီးအမ်းဘိုကာင်္ရှီ မြေဆွေးပြုလုပ်နည်း
 စပါးခွံ၊ နွားချေး နှင့် ဖွဲနု (၂-ဆ၊ ၂-ဆ၊ ၁-ဆ) တို့ကို ရောစပ်၍ပုံပါ။
 အပုံပေါ်သို့ အသင့်သုံး အီးအမ်ဖျော်ရည်ဖျန်း၍ သမအောင်မွှေပါ။ အစိုဓါတ်မများ လွန်း၊ မန်ညးလွန်းစေရ၊ လက်ဖြင့်ဆုပ်ကြည့်ပါက လက်ကြားမှ ရေမထွက်စေရ။ လက်ဖြန့်လိုက်ပါက အလုံးမပျက်စေရ။
 ရောစပ်ပြီး ပစ္စည်းများကို လေလုံအိတ်အတွင်းထည့်၍ ချည်နှောင်ပြီး အေး၍ခြောက် သွေ့သော အရိပ်ထဲတွင်ထားပါ။
 ချိုသင်းသင်းအနံ့ရရှိလာပါက နွေရာသီးတွင် (၃) ရက်၊ ဆောင်းရာသီးတွင် (၁၀) ရက် ကြားလျှင် မြေဆွေးအဖြစ်စတင် အသုံးပြုနိုင်သည်။ ကြာရှည်သိုလှောင်လိုပါက နေရိပ်တွင် အခြောက်ခံပြီး အိတ်ထဲသို့ ပြန်လည်သိလှောင် အသုံးပြုနိုင်သည်။ (၆) လခန့်အထိ သုံးနိုင်သည်။ တစ်ဧက အတွက် အနည်းဆုံး ပိဿာ ၅၀ဝ အသုံးပြုရ မည်။
(၂-၁၃) လွှစာဘိုကာရှီပြုလုပ်ခြင်း
ဆန်ဖွဲနု၊ လွှစာနှင့်ကြက်ချေးတို့ကို (၆း၃း၁) ထည့်ရောပါ။ သို့မဟုတ် ဆန်ဖွဲနု (၂၄) ပိဿာ၊ လွှစာ (၁၂) ပိဿာနှင့် ကြက်ချေး၊ (၄) ပိဿာတို့ကို သမအောင်ရောစပ်ပါ။ တင်လဲရည် ဖြင့်ဖောက်ထားသော အီးအမ်းဖျာ်ရည်အား (၁း၁၀ဝ) အချိုရည်ဖြင့်ထပ်ရောပါ။ ထိုသို့မဟုတ် ပါက တင်လဲရည်ဖြင့်ဖောက်ထားသော အီးအမ်ဖျော်ရည် (၅၀ဝ) စီစီအားရေ (၁၀) ဂါလံနှင့် ရောစပ်၍ ရောထားသော ကုန်ကြမ်းများပေါ်မှ အနည်းှုယ်စီဖျန်းပေးပြီး သမအောင်ထပ်မွှေပေးပါ။ ကုန်ကြမ်းများကို လက်ဖြင့်အားယူဆုပ်ကြည့်လျှင် လက်ချောင်း များ ကြားမှ ရေစိမ့်ထွက်လျှင် အစိုဓါတ်အနေတော်ဖြစ်ပါသည်။ အစိုဓါတ်အနေတော်အထိ အီးအမ်ဖျော်ရည်ဖျန်းပေးပါက ပလပ်စတစ် တစ်ထပ်ခံထားသော ပီနန်အိတ်တွင် ထည့်လေ လုံအောင်စီးပြီး အရိပ်အောက် တွင်တစ်ပတ်ကြာထားပါ။ တစ်ပတ်အချဉ် ဖောက်ထား စဉ်ရာသီးဥတုအေးပါက ပလပ်စတစ်အစဖြင့် ထပ်မံအုပ်ထားပေးပါ။ တစ်ပတ်ပြည့်၍ အိတ်ကို ဖွင့်ကြည့်ပါက မှိုအမျှင်အဖြူများထွက်နေလျှင် အရိပ်အောက်တွင် လေသလပ်အ ခြောက်ခံပြီး တစ်ကြိမ်စာ (၁၅) ကျပ်သား အထုပ်များ ထုပ်ပိုးပါ။ အထုပ်ပေါင်း (၂၆၀) အထိရရှိနိုင်သည်။
လွှစာဘိုကာရှီအသုံးပြုရန်နှုန်ထား
အမှိုက်ပုံး (၁) လုံးလျှင် တစ်ကြိမ်အမှိုက်ပြည်မ့သည်အထိ လွှစာဘိုကာရှီ (၁၅) ကျပ်သား တစ်ထုပ်နှုန်း အသုံးပြုရန်ဖြစ်သည်။ တစ်လစာအတွက် (၄) တုပ် အသုံးပြုလျှင် လုံလောက်ပါသည်။ ထို့ကြောင့် အိမ်ထောင်စု (၁၀ဝ) တစ်လစာအတွက် (၁၅) ကျပ်သား လွှစာဘိုကာရှီးအထုပ်ပေါင်း (၂၆၀) လိုအပ်မည်ဖြစ်ပါသည်။

GRO-MAXX

GRO-MAXXGRO-MAXX

No comments: